Category Archive: သတင်း

အစ္စလာမ် အပေါ် တိုက်ခိုက်စော်ကားလာခြင်းများအား အစ္စလာမ် ဘာသာရေး အဖွဲ့ကြီးများမှ ဦးဆောင် ဖြေရှင်းပေးရန် အထူးလိုအပ်နေ

မီဒီယာလွတ်လပ်ခွင့်ရရှိ လာခြင်းနှင့် အတူလွတ်လပ် ခွင်ကိုအလွဲ သုံးစားပြုကာ ဘာသာတရာ များအကြား ပဋိပက္ခ ဖြစ်ပွားရန် သွေးထိုးလှုပ်ဆော်မှုများဖြစ်ပေါ်နေပါသည်။ အထူးသဖြင့် အွန်လိုင်း လူမှုကွန်ရက်များတွင် အုပ်စုဖွဲ့ပြီးအစ္စလာမ်နှင့်ပတ်သက်သောသတင်းမှားများ ၊ တင်ပြချက် အမှားများဖြင့် ဆောင်ရွက်လာနေသည်။ ထို့အတူ ပုံနှိပ် မီဒီယာမှလည်းဘာသာတရားအသီးသီး၏ သမိုင်း အချက်အလက်များကနေအစ္စလာမ့် သမိုင်းများကိုရိုက်နှိပ်ထုတ်ဝေ လျက်ရှိသည် ကိုသိရသည်။ “ ဒီနှစ် ဆန်းလောက် က ဗုဒ္ဓဘာသာနှင့် သမိုင်းမြစ်ဖျားဆိုတဲ့ စာအုပ်ထွက်လာပါတယ်။… Read More

အိန္ဒိယနိုင်ငံ ဂျာမီယာ မီလီယာအစ္စလာမ့် တက္ကသိုလ် မှ ဒေါ်အောင်ဆန်းစုကြည်အား ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ ချီးမြင့်ရန် စီစဉ်

မြန်မာနိုင်ငံ ဒီမိုကရေစီ ထွန်းကားရေး အတွက် ရုန်းကန်လှုပ်ရှား ခဲ့သောဒေါ်အောင်ဆန်း စုကြည်၏  စွန့်လွတ် အနစ်နာခံခဲ့ခြင်း အား အသိအမှတ်ပြုသော အားဖြင့် အိန္ဒိယနိုင်ငံ နယူဒေလီ ရှိဂျာမီယာမီလီယာ အစ္စလာမ်မီယာ တက္ကသိုလ်မှ ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ချီးမြှင့်မည့် အစီအစဉ်ရှိကြောင်းသိရသည်။ ရန်ကုန်အခြေစိုက် ဥာဏ်ကြီးရှင် အဖွဲ့ တမ္မဒီပအင်စတီကျူနှင့် ဂျာမီယာ မီလီယာ အစ္စလာမ်မီယာတက္ကသိုလ် တို့ ပူးတွဲကျင်းပသော ( တောင်အာရှနှင့် အရှေ့တောင်အာရှ ပေါင်းကူး… Read More

၁၄၈၆ကြိမ်မြောက် တမန်တော်နေ့ စာပေ မှတ်ကျောက် တင်ပြိုင်ပွဲ ကျင်းပမည်

၁၄၈၆ကြိမ်မြောက် တမန်တော်နေ့ အခမ်းအနားကျင်းပရေး ဗဟိုကော်မတီစာပေ မှတ်ကျောက်တင် ပြိုင်ပွဲဆပ်ကော်မတီ မှ တမန်တော် မုဟမ္မဒ် (ဆွ) အကြောင်းအစ္စလာမ့် သုတမေးခွန်းလွှာ (၁၀၀) ဖြေဆိုပြိုင်ပွဲကြီး ကျင်းပမည်ဖြစ်ကြောင်း သိရသည်။  အဆိုပါဖြေဆိုပြိုင် ပွဲတွင် သီရိပျံချီအလ္လဟ်မဟ် ဃာဇီမုဟမ္မဒ် ဟာရှင်မ် ရေးသားပြုစုသောတမန်တော်မြတ် အတွဲ ၁ ၊၂၊၃၊၄၊၅ စာအုပ်များမှ တမန်တော်မြတ် ဘ၀ဆိုင်ရာမေးခွန်း များကို ဖြေဆိုရမည်ဖြစ်ပြီး မြန်မာနိုင်ငံ လုံးဆိုင်ရာ အစ္စလာမ်ဘာသာရေး… Read More

ပဲခူးမြို့၊ နွေရာသီ အစ္စလာမ့် ယဉ်ကျေးမှု နှင့်စာရိတ္တမြင့်တင်ရေး သင်တန်း ဆင်းပွဲကျင်းပ

ပဲခူးမြို့ ပညာရေးကော်မတီ က ဧပြီ ၁၁ရက်နေမှစတင် ဖွင့်လှစ်ခဲ့သောနွေရာသီအစ္စလာမ် ယဉ်ကျေးမှုနှင့် စာရိတ္တ မြင့်တင်ရေးသင်တန်းဆင်းပွဲကိုဧပြီ ၁၈ရက်နေ့ ဇဟိုရ်အပြီးတွင် ကျင်းပခဲ့သည်။ အဆိုပါ သင်တန်းဆင်းပွဲ သို့သင်တန်းသား /သူ နှင့်လေ့လာသူ ၈၀ နှင့်အတူပဲခူးမြို့မြိုမိမြိုဖများ၊ ဘာသာရေး ပညာရှင် များ နှင့် ကျောင်းသား မိဘများ အင်တိုက် အားတိုက် တက်ရောက်ခဲ့ကြောင်းသိရသည်။

အစ္စလာမ့် ၀ိသေသထူုးများ

အစ္စလာမ် إسلام ဆိုသည်မှာ  سلام  မူရင်းစာလုံးမှ ဆင်းသက်လာခြင်းဖြစ်သည်။ ကျိုးနွံခြင်း၊ ခယခြင်း  နာခံခြင်း ဟုအဓိပ္ပါယ်ရသော အာရဘီ ဝေါဟာရဖြစ်သည်။ အစ္စလာမ် သာသနာအား လက်ခံကျင့်သုံး သူတို့သည် လောက ခပ်သိမ်းအား ဖန်ဆင်း စောင့်ရှောက်တော်မူသော အလ္လဟ်အရှင်မြတ်၏ အ မိန့် ပြဌာန်းချက်အလုံး စုံကို နာခံခြင်း ကနေ ပြီးပြည့်စုံသော ငြိမ်း ချမ်း မှု အောင်မြင်မှုရယူနိုင်ပါ သည်။… Read More

နိုင်ငံရေးအကျဉ်းသားဟောင်များ ကံမ၊ဆိုင်းတောင်ဖြစ်ရပ်များအား စုံစမ်းရေးကော်မရှင် ဖွဲ့၍ စုံစမ်းဖေါ်ထုတ်ပေးရန် ကြေငြာချက် ထုတ်ပြန်

ဧပြီ ၁၂ ရက်နေ့ တွင် ကချင်ပြည်နယ် ၊ဖားကန့် မြို့နယ် ၊ ဆိုင်းတောင် ကျေးရွာတွင် ဗလီဖြိုချခံရခြင်း၊ ဧပြီ ၁၃ရက်နေ့မှစ၍ မကွေးတိုင်းသရက်ခရိုင်၊ ကမ္မမြို့နယ် ရှိ ဗလီနှင့် အစ္စလာမ် ဘာသာဝင်များ၏ အိုးအိမ်ပိုင်ဆိုင်မှုများ ဖြိုချ ဖျက်ဆီး ခံရသော ဖြစ်ရပ် များနှင့်ပတ်သက်ပြီး  နိုင်ငံရေးအကျဉ်းသား ဟောင်များက စာအမှတ် ၇/၂၀၁၂ ဧပြီ ၂၃ရက်နေ့စွဲဖြင့် သဘော ထား… Read More

လူနည်းစု မြန်မာမွတ်စလင် များနှင့် ဥပဒေစိုးမိုးမှု ဆောင်ရွက်မည့် ဒေါ်အောင်ဆန်း စုကြည်

အဆက်ဆက်သောအုပ်ချုပ်ရေးစနစ်များကြောင့် မြန်မာ ပြည်သူများသည် ဥပဒေစိုးမိုးမှု အရသာကိုမခံစားခဲ့ရချေ။ ဥပဒေအား လက်တ လုံးခြားလုပ်ခြင်း၊ အာဏာအလွဲသုံးစားလုပ်ခြင်း ၊ ဆွေမျိုးတစ်စုကောင်းစားရေး ၀ါဒကျင့် သုံးခြင်း များကြောင့် ပြည်သူများသည် အဖိနှိပ်ခံ ဘ၀ သို့ရောက်ခဲ့ကာ လူအခွင့်အရေး ဆုံးရှုံးခဲ့ရသည်။ တရားဥပဒေစိုးမိုးရေး အရသာ ကို ပြည်သူများမျှော် လင့်ခဲ့ကြ သည်။ အရပ်သားအစိုးရမှ ပြုပြင်ပြောင်းလဲမှုများစွာဆောင်ရွက်လာ၍ ဒီမိုကရေစိခေါင်းဆောင်သည် ပြီးခဲ့သော ကြားဖြတ်ရွေးကောက် ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည်။

Follow

Get every new post delivered to your Inbox.

Join 2,313 other followers