အစ္စလာမ် ရနံမကင်းတဲ့ ဘားရက် ဟူစိန် အိုဘားမား
ပြည်တွင်းသတင်း / မြန်မာမွတ်စလင် ရေးရာ

အစ္စလာမ် ရနံမကင်းတဲ့ ဘားရက် ဟူစိန် အိုဘားမား

မွတ်စလင် ဆန့်ကျင့်ရေး လှုပ်ရှားမှု ပျံနှံနေချိန် ၊ အစ္စလာမ်သာသနာကို အကြောင်းမဲ့ အမြင်မှားနေ ချိန် ၊ ကမ္ဘာ့အင်အားကြီး အမေရိကန်နိုင်ငံသမ္မတ အိုဘားမား မြန်မာ့ မြေသို့ ခြေချခဲ့ သည်။ အစ္စလာမ် မုန်းတီးရေးတရား မှိုင်းတိုက်ချိန် တွင်  တမြေတည်းနေ သူ မြန်မာပြည် သူများ အကြား အပြန် အလှန်လေးစားချစ်ခင်မှု ကို တည်ဆောက်ကြ စေရန် ရည်ရွယ်၍ အစ္စလာမ် သာသနာ နှင့် သမ္မတ အိုဘားမား အဆက်အစပ်ကို တင်ပြပေးလိုက်ပါ သည်။ အဖွားဖြစ်သူက အိုဘားမားကို မွတ်စလင် ဖြစ်စေချင် သမ္မတ အိုဘားမား ၏ အဘွားဖြစ်သူ အသက် ၈၈ နှစ်ရှိ ကင်ညာနိုင်ငံသူ က ၂၀၁၀ ဟာဂ်ျဝတ်ပြု … Continue reading

Rate this:

အစိုးရ ထုတ်ပြန်သော ရခိုင် အပျက်အစီး အသေအပျောက်စာရင်း အလွန်နည်းနေဟု HRW ဆို
သတင်း / ပြည်တွင်းသတင်း / မြန်မာမွတ်စလင် ရေးရာ

အစိုးရ ထုတ်ပြန်သော ရခိုင် အပျက်အစီး အသေအပျောက်စာရင်း အလွန်နည်းနေဟု HRW ဆို

ဂြိုဟ်တုမှ စောင့်ကြည့် လေ့လာရေး အစီစဉ်အရ ရခိုင်ပြည်နယ်၌ လတ်တလော ဖြစ်ပွားနေသာ ဆူပူ အကြမ်းဖက် မှုများ၌ အစိုးရ ထုတ်ထားသော စရင်းထက် ပျက်စီးမှု ပိုမို ဖြစ်ပွား နေသည်ဟု လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ (Human Right Watch) အာရှ ဒေသ လက်ထောက် ဒါရိုက်တာ မစ္စတာ ဖီးလ်ရောဘတ်ဆန် က ဆိုပါသည်။ “ ဘယ်နည်းနဲ့ ကျနော်တို့ စောင့်ကြည့်နေသလဲ ဆိုတာ ကတော့ မပြောချင်ပါဘူး။ အထောက်အထားတွေအရ ပြောရ ရင်တော့ အစိုးရ စရင်းဟာ အလွန် နည်းနေပါတယ်။ ကျနော်တို့က (၂၁) ရက်နေ့ကနေ စတင် စောင့်ကြည့် နေတာပါ” ဟု ဆိုပါသည်။ အစိုးရသည် အောက်တိုဘာလ … Continue reading

Rate this:

ခွပ်ဒေါင်းအလံ ကိုင်ဆောင်သူသည် လူမျိုးဘာသာ ထက် သစ္စာရှိရန် သွေးမစွန်းရန် သာ အရေးကြီး ဟု မင်းကိုနိုင်ပြောကြား
သတင်း / ပြည်တွင်းသတင်း / မြန်မာမွတ်စလင် ရေးရာ

ခွပ်ဒေါင်းအလံ ကိုင်ဆောင်သူသည် လူမျိုးဘာသာ ထက် သစ္စာရှိရန် သွေးမစွန်းရန် သာ အရေးကြီး ဟု မင်းကိုနိုင်ပြောကြား

ဦးရှာရှစ် ရာပြည့်အခမ်းအနားသို့ တက်ရောက်လာသူ ၈၈ကျောင်းသား ခေါင်းဆောင် မင်းကိုနိုင်က အမျိုးသား ခွပ်ဒေါင်းအလံ ကိုင်ဆောင်သူသည် လူမျိုးဘာသာထက် သစ္စာ ရှိရန် သာအရေးကြီး သည်ဟု ပြောကြား ခဲ့သည်။ “ကျွန်တော်တို့ရဲ့ တိုက်ပွဲဝင် အမျိုးသားခွပ်ဒေါင်းအလံကို ကိုင်တဲ့လက်ဟာ ဘယ်လို လက်မျိုး လဲ ဆိုတာကို ကျွန်တော် စိတ်ဝင်စားလို့ပါ။ အဲဒီလက်ဟာ လူမျိုးဘာသာမခွဲခြားဘူးဆိုတာကို ပထမ ဆုံး ဗ.က.သ ဥက္ကဋ္ဌအဖြစ် အစ္စလာမ်ဘာသာဝင်တစ်ယောက်ကို ကျွန်တော်တို့အားလုံး သဘော ထားကြီး စွာ နဲ့ ရက်ရက်ရော ရောကြီး ပေးခဲ့တယ်ဆိုတာကို အသိအမှတ်ပြုစေချင်ပါတယ်။ အဲဒီတော့ ကျွန်တော် တို့ တိုက်ပွဲ ၀င် ခွပ်ဒေါင်းအလံကို ကိုင်တဲ့လက်ဟာ လူမျိုးဘာသာ အရေးမကြီးပါဘူး။ ကျွန်တော် တို့အမျိုးသား တစ်ရပ် လုံး … Continue reading

Rate this:

မြ၀တီတွင် ဘာသာပေါင်းစုံ ကွန်ရက် ဖွဲ့စည်းရန် ဆွေးနွေး
သတင်း / အင်တာဖိတ် / ပြည်တွင်းသတင်း / မြန်မာမွတ်စလင် ရေးရာ

မြ၀တီတွင် ဘာသာပေါင်းစုံ ကွန်ရက် ဖွဲ့စည်းရန် ဆွေးနွေး

မြန်မာပို့စ် ဂလိုဘယ် သတင်းဂျာနယ်မှာ မွတ်စလင် မုန်းတီးရေး ကြေညာချက် ထွက်ပေါ်လာပြီး တစ်ဆက်တည်း  ကော့ကရိတ် ၊ ကျုံဒိုး မြို့များရှိ ဗလီများ သို့ လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည်။ ဤသို့ ဘာသာရေး ပဋိပက္ခ များဖြစ်ပွားစေရန် အင်တိုက်အားတိုက် လုပ်ဆောင်နေမှုများကို ဟန့်တားနိုင်ရန် မြ၀တီမြို့တွင် ဘာသာပေါင်းစုံ ကွန်ရက် ဖွဲ့စည်းရန် ဆွေးနွေးပွဲပြုလုပ်ခဲ့ပါသည်။ အောက်တိုဘာ ၄ရက် ၊ တွင် မြ၀တီ မြို့နာရေး ကူညီမှု အသင်းရုံး တွင် ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားခဲ့သော ပဋိပက္ခ ကဲ့သို့ မြ၀တီမြို့တွင် မဖြစ် ပွားစေရန် အတွက် မြ၀တီမြို့နာရေးအသင်းမှ ဦးဆောင်မှုဖြင့် ဆွေးနွေးညှိနှိုင်းမှု တစ်ရပ်ကို ကျင်းပပြုလုပ်ခဲ့သည်။ ယင်း ဆွေးနွေးညှိနှိုင်းပွဲသို့ မြ၀တီမြို့ရှိ သာသနာထွန်းကားပြန့်ပွားရေး အဖွဲ့မှ … Continue reading

Rate this:

ဘာသာရေး ပဋိပက္ခ တားဆီးပေးနိုင်သည့် ဥပဒေပြဌားန်ပေးရန် လိုအပ်
သတင်း / ပြည်တွင်းသတင်း / မြန်မာမွတ်စလင် ရေးရာ

ဘာသာရေး ပဋိပက္ခ တားဆီးပေးနိုင်သည့် ဥပဒေပြဌားန်ပေးရန် လိုအပ်

နိုဝင်ဘာ ၁ရက်နေ့တွင် ကျင်းပပြုလုပ်သော ငြိမ်းချမ်းရေးဆွေးနွေးပွဲနှင့် သတင်းစာရှင်းလင်းပွဲတွင် တက်ရောက်လာသူ တရားလွှတ်တော်ရှေ့နေက ဘာသာရေး ၊လူမျိုးရေး ခွဲခြားခြင်းမပြုစေရန် အကာအကွယ်ပေးနိုင်မည့် ဥပဒေ တစ်ရပ်ပြဌာန်းပေးရန် လိုအပ်နေသည်ဟု ပြောကြားလိုက်သည်။ “ နိုင်ငံတိုင်းလိုလို အထူးသဖြင့် နိုင်ငံကြီးတွေမှာ ဒီလို ဘာသာစုံရှိတဲ့ အတွက်က သက်ဆိုင်ရာ နိုင်ငံ အစိုးရ တွေက ဘာသာပေါင်းစုံ ကာကွယ်ပေးတဲ့ ဥပဒေတွေ ပြဌာန်းပေးရပါတယ်။ သက်ဆိုင်ရာ နိုင်ငံရဲ့ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေ မှာ တစ်ဘာသာနဲ့ တစ်ဘာသာ အသိအမှတ်ပြုပေးရပါတယ်။ တစ်ဘာသာနဲ့ တစ်ဘာသာ မထိခိုက် ရအောင် ၊ စော်ကားခြင်း မပြုအောင် ကာကွယ်ဟန့်တားတဲ့ ဥပဒေတွေလည်း ပြဋ္ဌာန်းပေးရပါတယ် ” ဟု ၄င်းက ပြောပါသည်။ ဘာသာပေါင်းစုံ … Continue reading

Rate this:

သတင်း / ပြည်တွင်းသတင်း / မြန်မာမွတ်စလင် ရေးရာ

မွတ်စလင်များ ဈေးမ၀ယ်နိုင်၍ စစ်တွေဈေး အရောင်းအ၀ယ် မကောင်း

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော မွတ်စလင် နှင့် ရခိုင်လူမျိုးပဋိပက္ခများကြောင့် ဒေသခံ ရခိုင်လူမျိုးများ၊ နှင့် မွတ်စလင် များ စီးပွားရေး ထိခိုက်လျက်ရှိကြောင်း ရခိုင် စုံစမ်းရေး ကော်မရှင် အဖွဲ့ဝင် ကိုအောင်နိုင်ဦး၏ ပြောကြားချက်ကို ဘီဘီစီတွင်ဖော်ပြထားသည်။ ဒုက္ခသည်ကယ်ဆယ်ရေး ၊ လုံခြုံရေး လုပ်ငန်းများတွင် ငွေကြေးပိုမိုသုံးစွဲနေရသဖြင့် နိုင်ငံစီးပွားရေးကို ပါ တနည်းတစ်ဖုံ ထိခိုက်လျက်ရှိကြောင်း ၄င်းက ပြောပါသည်။ စစ်တွေ ဈေးဆိုရင် နှစ်ဖက် ပဋိပက္ခမဖြစ်ခင်က ၀င်ထွက် သွားလာ ရောင်းဝယ် ဖောက်ကားနေလို့ အလွန်စည်ကားတယ်။ စစ်တွေမှာ မွတ်စလင် တ၀က်လောက်ရှိတယ်။ အခုတော့ မွတ်စလင်တွေ က ဒုက္ခသည် စခန်းကို ရောက်ကုန်ပြီး အပြင်မထွက်နိုင်လို့ ၀ယ်လိုအားတွေ လျော့ကုန်တယ် ဟု ၄င်းက ပြောပါသည်။ … Continue reading

Rate this:

အာဇာနည်ခေါင်းဆောင် ဦးရာဇတ် နိုင်ငံရေး အမွေ ဆက်ခံမည့် အမျိုးသား ညီညွတ်ရေးပါတီအား တည်ထောင်ခွင့်ပြု
သတင်း / ပြည်တွင်းသတင်း / မြန်မာမွတ်စလင် ရေးရာ

အာဇာနည်ခေါင်းဆောင် ဦးရာဇတ် နိုင်ငံရေး အမွေ ဆက်ခံမည့် အမျိုးသား ညီညွတ်ရေးပါတီအား တည်ထောင်ခွင့်ပြု

လူမျိုးစု သွေးစည်းရေး ၀ါဒကို အကောင်အထည်ဖော်မည့် အမျိုးသားညီညွတ်ရေးပါတီ (United National Congress ) ပါတီကို တည်ထောင်ရန် အောက်တိုဘာ ၁၅ရက်နေ့က ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ခွင့်ပြုလိုက်ကြောင်း ၊ မြန်မာတိုင်းမ် တွင်ဖော်ပြထားသည်။ “ ခွင့်ပြုမိန့်ကျပြီ ဆိုတဲ့ အတွက် ကြောင့် ၁၂ရက်နေ့မှာ နေပြည်တော်သွားပြီး မှတ်ပုံတင်ဖို့ ဆောင်ရွက်ကြမှာဖြစ်ပါတယ်” ပြန်လာတဲ့ အခါမှာ တခြား နိုင်ငံရေးပါတီ တွေနဲ့ မိတ်ဆုံပွဲ လုပ်ပြီးတော့ တကယ်လို့များ အထက်မြန်မာပြည် တပ်ပေါင်းစု ကို ဖွဲ့လို့ရရင် ဖွဲ့ စည်းဆောင်ရွက်သွားမှာဖြစ်ပါတယ် ” ဟု ပါတီတည်ထောင်လိုသူ များ၏ ကိုယ်စားလှယ်ဖြစ်သူ ဦးမောင်မောင်စိုးက ပြောသည်။ အဆိုပါ ပါတီကို မူလက ပသီအမျိုးသား ကွန်ဂရက် … Continue reading

Rate this:

ကော့ကရိတ်ဗလီ လက်ပစ်ဗုံးများနှင့် ပစ်ခံရပြီးနောက် မြို့လုံခြုံရေးတင်းကြပ်
သတင်း / ပြည်တွင်းသတင်း / မြန်မာမွတ်စလင် ရေးရာ

ကော့ကရိတ်ဗလီ လက်ပစ်ဗုံးများနှင့် ပစ်ခံရပြီးနောက် မြို့လုံခြုံရေးတင်းကြပ်

ကရင်ပြည်နယ် ကော့ကရိတ်မြို့ တံတားဦးရပ်ကွက်ရှိ ရေနံဆီကုန်းဗလီကို အောက်တိုဘာလ ၂၈ရက်နေ့ညက အမည်မသိ ဆိုင်ကယ်သမားနှစ်ဦးမှ လက်ပစ်ဗုံးဖြင့် ဝင်ရောက်ပစ်ခတ်မှုကြောင့် လုံခြုံရေးတင်းကြပ်ထားရသည်ဟု ကော့ကရိတ်မြို့ ကြံ့ခိုင် ဖွံ့ဖြိုးရေးပါတီဝင်တစ်ဦးက ကေအိုင်စီသို့ ပြောသည်။  “ကော့ကရိတ်မှာ ရပ်ကွက် ၇ခုစလုံး ရဲက လုံခြုံရေးတွေ စောင့်ကြတယ်။ ဗလီမှာဆိုလည်း ဗလီလုံခြုံရေးပေါ့။ နောက် ဒီလိုမျိုး ပြဿနာ မပြန့်ပွားအောင် ကာကွယ်ထားတဲ့အနေနဲ့ပါ”ဟု သူက ဆိုသည်။ ၎င်းမွတ်ဆလင်ဗလီကျောင်း လက်ပစ်ဗုံးနှင့် တိုက်ခိုက်ခံရမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ မရှိသော်လည်း ၎င်းလုပ်ရပ်သည် ကရင်လူမျိုး အများစုကြား နေထိုင်နေသည့် မွတ်ဆလင်မ်နှင့် သွေးထိုးလှုံ့ဆော်ပေးသည့် သဘောဖြစ်သည်ဟု ကော့ကရိတ်မြို့ မှ ရပ်ကွက်လူကြီးတစ်ဦးက ပြောဆိုသည်။  အောက်တိုဘာလ ၂၈ရက်နေ့ည ၁၂နာရီခန့်က ကော့ကရိတ်မြို့ဗလီ တိုက်ခိုက်ခံရမှုတွင် ဗုံးနှစ်လုံးဖြင့် ပစ်ခတ်ခဲ့ပြီး ဗလီနှင့် … Continue reading

Rate this: