ဂုဏ်ယူလိုက်ပါ…. အို မွတ်စလင် (၁)
ကုရ်အာန် နှင့် စွန္နဟ် / ဆောင်းပါး

ဂုဏ်ယူလိုက်ပါ…. အို မွတ်စလင် (၁)

ကချင်၊ ကယား၊ ကရင် ၊ ချင်း ၊ ဗမာ ၊ ရခိုင် ရှမ်း စတဲ့ တိုင်းရင်း သား ထဲက တိုင်းရင်းသား မွတ်စလင်တွေ ၊ အိန္ဒိယနွယ်ဖွား မွတ်စလင်တွေ ၊ တိုင်းရင်းသားအဖြစ်မှ ဖယ်ထုတ် ခံရတဲ့ ရိုဟင်ဂျာတွေ ၊ ပသီ လို့ခေါ်တဲ့ မြန်မာမွတ်စလင် တွေ ၊ အဖယ်ထုတ်မခံရသေးတဲ့ ကမာန် တိုင်းရင်းသား တွေ  အားလုံးအားလုံး မွတ်စလင်တွေဟာ မြန်မာ့သမိုင်းတွင် မကြုံစဖူး မဖြစ်စဖူး ခက်ခဲတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရပါပြီ။ တမြေတည်းနေခဲ့ကြတဲ့ မွတ်စလင် မဟုတ်သူ အစွန်းရောက် တစ်စုဟာ သူတို့နဲ့ အယူဝါဒ မတူကြ တဲ့ တမြေတည်းနေ ဌာနေ မွတ်စလင်တွေ အပေါ် … Continue reading

Rate this:

ဟာဂ်ျ ကပေးသော ဂလိုဘယ် လူမှုတန်ဖိုး Global Social Value
ကုရ်အာန် နှင့် စွန္နဟ် / ဆောင်းပါး

ဟာဂ်ျ ကပေးသော ဂလိုဘယ် လူမှုတန်ဖိုး Global Social Value

အသားရောင်မတူ ၊ ဘာသာစကား မတူ ၊ လူမျိုးမတူ ၊ ဓလေ့ မတူ ကြတဲ့ လူသား အားလုံး ကို ရှိတဲ့ နေရာလေးတစ်ခု ကို ပုံဖေါ်ကြည့်လိုက်ပါ ။ ပြီးတော့ သူတို့တတွေဟာ ပဋိပက္ခ ၊ မလိုမုန်းထား ၊ တဲ့ စိတ်တွေ ကင်းနေကြတယ်။ နောက်ပြီး ချစ်ခြင်းမေတ္တာ အပြည့်နဲ့ လည်းရှိနေကြတယ်။ ကမ္ဘာမှာ ဒီလိုမျိုးနေရာ လေး တစ်ခု ရှိနေတယ် လို့ တွေးမိ ပါရဲ့လား။ ဒီမေး ခွန်းမေး လိုက်လို့ ခေါင်းရှုပ်သွားတယ် ဆိုရင်တော့ အစ္စလာမ်ဘာသာ ၀င်တို့ရဲ့ ဟာဂ်ျ (حج‎) ၀တ်ပြုရာ ကာလ မှာ မက္ကာနဲ့ မဒီနာ ကို ကြည့်ရပါလိမ့်မယ်။ … Continue reading

Rate this:

ကမ္ဘာအေးတရား (ဃာဇီ မုဟမ္မဒ် ဟာရှင် ၏ အသံ လွင့် ဟောပြောချက်)
ကုရ်အာန် နှင့် စွန္နဟ် / ဆောင်းပါး

ကမ္ဘာအေးတရား (ဃာဇီ မုဟမ္မဒ် ဟာရှင် ၏ အသံ လွင့် ဟောပြောချက်)

ကမ္ဘာ့ရာဇ၀င်ကို ပြန်လည်သုံးသပ်ကြည့်လျှင် ခေတ်တိုင်း နယ်တိုင်း နှင့် လူမျိုးတိုင်းတွင် (prophets) တမန်တော် များပွင့်ပေါ်ခဲ့ကြတယ်။ အသီးသီးပရိယတ္တိကျမ်းများယူဆောင်လာခဲ့ကြတယ်။ ကမ္ဘာသူ ကမ္ဘာ သားများအား အလွန် ယဉ်ကျေးချိုအေးတဲ့ တရားရေအေးအမြိုက်ဆေးတိုက်ကြွေးခဲ့ကြတယ်။  ယခင်နှစ်ပေါင်း (၁၃၀၀ )ကျော်က အရေးဗီးယားတိုင်းပြည်တွင် တမန်တော်များ၏အချုပ်၊ တမန်တော်များ၏ ထွပ်ထိပ်ဖြစ်သော တမန်တော် မုဟမ္မဒ်သခင် ပွင့်တော်မူခဲ့တယ်။ ပရိယတ္တိကျမ်းဂန်များ၏ အမိဖြစ်သော ကုရ်အာန်ကျမ်းမြတ်ကို ယူဆောင်လာပြီး ကမ္ဘာ့ လူထုကြီးတစ်ရပ်လုံးအား ဤသို့ကြွေးကြော်ခဲ့တယ်။ (ကျွန်ုပ်သည် အသင်တို့ ကမ္ဘာသူ ကမ္ဘာသားအားလုံး အတွက် ပွင့်လာသော အလ္လာဟ်အရှင်မြတ်၏ တမန်တော်ဖြစ်သည်။) အသင်တို့ထံ အသင်တို့၏အမျိုးသားဖြစ်သော တမန်တော် တစ်ပါး ရောက်လာပြီး ထိုတမန်တော်သည် အသင်တို့ ဆင်းရဲ ကြီးစွာ ခံရမည့် အရေးကိုတွေးပြီး စိတ်မအေး ရင်လေးတော် မူရှာတယ်။ … Continue reading

Rate this:

တမန်တော် များ၏ အမွေစား အမွေခံ ဆိုသည်မှာ
ကုရ်အာန် နှင့် စွန္နဟ် / သိပ္ပံ / ဆောင်းပါး

တမန်တော် များ၏ အမွေစား အမွေခံ ဆိုသည်မှာ

ဘာသာရေးလေးစားသည်မှာ ကောင်း၏။ ဘာသာရေးပညာကို သင်ယူဆည်းပူးသည်မှာ လည်းကောင်း၏။ သို့သော်ယခုခေတ် ဘာသာရေးလေးစားသူများ ၊ဘာသာရေးပညာ ကို သင်ယူ ဆည်းပူးသူများ ဘာသာရေးပညာတတ်များက ခေတ်ပညာများကို မသင်ကောင်း သည့်အလား ထင်မြင်၊ယူဆ ၊ဟောပြော၊ ဖြန့်ချီနေကြသည်မှာ ကုရ်အာန်ကျမ်းမြတ် နှင့်ပါ လွဲချော်နေပါသည်။ ယခုခေတ်ပညာများသည် ယဟူဒီ/နစွာရာနီတို့၏ ပညာများမဟုတ်။ တမန်တော်သခင်များ တတ်သိခဲ့သောပညာ များသာဖြစ်ကြောင်း ကုရ်အာန်ကျမ်းမြတ် အထောက်အထား များနှင့် တင် ပြ လိုက်ပါသည်။ ထင်ရှားသော ဟဒီးဆ်တော်အ ရ ခေတ်ပညာများကိုသင်ယူ ဆည်းပူး တတ်ကျွမ်းလျှင်တမန်တော် သခင်များ၏အမွေရသည်ပင်ဖြစ်ကြောင်း ရှာဖွေ တင်ပြ လိုက်ပါသည်။ “အမှန်ပင် (အိုလမာပညာရှင်များသည် (အန်ဘီယာ) တမန်တော်သခင်များ၏ အမွေခံ များဖြစ်ကြသည်။ (တမန်တော်မြတ်သခင်၏ သြ၀ါဒတော်အဟ်ကားမ်ကျမ်း သြ၀ါဒတော် များအရ တမန်တော်မြတ်သခင် ညွှန်ပြသော … Continue reading

Rate this:

အိအ်သိကာဖ် اعتكاف အကြောင်းသိကောင်းစရာ အကျဉ်း
ကုရ်အာန် နှင့် စွန္နဟ် / နာမ်ပိုင်းဆိုင်ရာ / ဆောင်းပါး

အိအ်သိကာဖ် اعتكاف အကြောင်းသိကောင်းစရာ အကျဉ်း

အိအ်သိကာဖ် اعتكاف ဆိုသည်မှာ အလ္လဟ်အရှင်မြတ် အထံပါးတော်သို့ ချဉ်းကပ်ရန် ရည်ရွယ်၍ ဗလီ ၀တ်ကျောင်းတော် သို့ သွားရောက်ကာတရားအားထုတ် နေထိုင်ခြင်းဖြစ်သည်။ အိအ်သိကာဖ် သည် ကုရ်အာန်ကျမ်းမြတ် ၊တမန်တော် မြတ် ၏ သြ၀ါတော်နှင့် အိဂ်ျမာအ် အထောက် အထား များအရအလွန်မွန်မြတ် သောကျင့်စဉ်ဖြစ်သည်။ တမန်တော်မြတ် သည် အထူး သဖြင့် ရမသွာန်လနောက်ဆုံး ၁၀ရက် တွင် အမြဲတစေအိအ်သိကာဖ် ထိုင်တော်မူလေ့ရှိသည်။ တမန်တော်မြတ် အလေးအနက် စွဲမြဲစွာကျင့်ကြံအားထုတ် တော်မူခြင်းကြောင့် ပညာရှင် အများစု က ရမသွာန် နောက်ဆုံး ၀ရက် အိအ် သိကာဖ် ထိုင်ခြင်းကို စွန္နသ်ကိဖာယယ် အဖြစ် သတ်မှတ်ကြ သည်။ ဆိုလိုသည်မျာ ဗလီဝတ်ကျောင်းတော်ရှိရာ ရပ်ကွက်တစ်ခုတွင် အိအ်သိကာဖ် ထိုင်သူ … Continue reading

Rate this:

အစ္စလာမ့်ပညာရေး ဘာလဲ ဘယ်လဲ (ပထမပိုင်း)
ကုရ်အာန် နှင့် စွန္နဟ် / တွေ့ဆုံမေးမြန်းခန်း

အစ္စလာမ့်ပညာရေး ဘာလဲ ဘယ်လဲ (ပထမပိုင်း)

မြန်မာမွတ်စလင်မ် ပညာရှင် သုံးဦး၏ အစ္စလာမ့်ပညာရေး ဘာလဲ ဘယ်လဲ ခေါင်းစဉ်ဖြင့် ဆွေးနွေးထားချက် များဖြစ်ပါသည်။ မွတ်စလင် သတင်းစဉ် ချစ်သူများ အတွက် အစ္စလာမ့်ပညာရေး ဘာလဲ ဘယ်လဲ ဆွေးနွေးချက် ကို ပထမပိုင်း၊ ဒုတိယပိုင်း ၊ တတိယပိုင်း ဟူ၍ ခွဲခြားတင်ပြသွားပါမည်။ ပထမပိုင်း တွင် အစ္စလာမ်က ရည်ညွှန်းတဲ့ ပညာ နှင့် သာသနာ့ပညာ ၊ ခေတ်ပညာ ဟူ၍ ခေါင်းစဉ်ငယ်နှစ်ခုပါဝင်ပါသည်။ အခုမြန်မာ မွတ်စလင်မ် ပညာရှင် သုံးဦးကနေ ပညာဆိုတာ ဘာလဲ ဆိုတဲ့ ခေါင်းစဉ်အောက်မှာ စတင်ဆွေးနွေး မှာဖြစ်ပါတယ်။ ဒီနေရာမှာ ပညာကို ဘယ်ရှုထောင့်က ဖွင့်ဆိုမှာလဲ ဆိုတဲ့အချက်က ကျွန်တော် တို့အတွက် စိတ်ဝင်စား ဖွယ်ဖြစ်ပါတယ်။ ဝေါဟာရကိုပဲ … Continue reading

Rate this:

ဆွီယာမ် ဥပုသ် အနှစ်သာရ
ကုရ်အာန် နှင့် စွန္နဟ် / အစ္စလာမ်ရေးရာ / ဆောင်းပါး

ဆွီယာမ် ဥပုသ် အနှစ်သာရ

ဆွီယာမ် ဥပုဒ် အနှစ်သာရ သဘောတရားကို ကို မသိရှိပဲ ဆွီယာမ် စောင့်ထိန်း ခြင်းသည် အပင်ပန်းခံ အစာ အငတ်ခံခြင်း ကဲ့သို့ပင်ဖြစ်၏။ အလ္လမဟ် မောင်ဒူဒီ ရေးသား၍ ၀ါးခယ်မမောင်မင်းနိုင်ပြန်ဆိုသော အစ္စလာမ့် အနှစ်သာရ စာအုပ်မှ အလ္လဟ်အရှင်မြတ် သတ်မှတ်ပြဌာန်းထားသော ဆွီယာမ်ဥပုဒ် အနှစ်သာရကို မွတ်စလင် သတင်းစဉ် စာချစ်သူ များအတွက် ကောက်နှုတ်ဖေါ်ပြလိုက်ပါသည် ။ လေ့လာစူးစမ်းခြင်း ၊ပိုင်းခြားသုံးသပ်ခြင်း အဆင့်များကို ကျော်ဖြတ်ပြီး အလ္လဟ်အှရှင်မြတ်မှတပါး အခြားမရှိ၊ တမန်တော် မုဟမ္မဒ် သည် အလ္လဟ်အရှင်စေလွတ်သော တမန်တော်ဖြစ်ကြောင်း သက်သေခံ ပြီး အစ္စလာမ်သာသနာ အား သက်ဝင်ယုံကြည်သူ မွတ်စလင် တိုင်းတွင် မပြုမနေရတာဝန် ၄ရပ်ရှိပါသည်။ နေ့စဉ် ဆွလာသ် ၅ကြိမ် ၀တ်ပြုခြင်း၊ တစ်နှစ်တွင် … Continue reading

Rate this:

ဆင်းရဲမွဲတေမှု လျော့ချရေး အတွက်  ဇကားသ် (၁)
ကုရ်အာန် နှင့် စွန္နဟ် / အစ္စလာမ်ရေးရာ / ဆောင်းပါး

ဆင်းရဲမွဲတေမှု လျော့ချရေး အတွက် ဇကားသ် (၁)

မြန်မာနိုင်ငံ၏ ဆင်းရဲမွဲတေမှု လျှော့ချရေးစီမံကိန်းများအား နိုင်ငံတော်သမ္မတကြီးဦးဆောာင်၍ အင်တိုက်အားတိုက် လုပ်ဆောင်လျက်ရှိသည်။ အစ္စလာမ် ဘာသာ သက်ဝင် ယုံကြည်ကြသော တိုင်းရင်းသား ၊ နိုင်ငံသား မြန်မာမွတ်စလင်မ် တို့သည် အစ္စလာမ့်ကျင့်သုံးမှု ဖြစ်သည့် ဆင်းရဲသားဒါနကြေးဇကားသ် ပေးဆောင်ခြင်းဖြင့် မြန်မာနိုင်ငံ၏ ဆင်းရဲမွဲတေမှု လျှော့ချရေးတွင် အခန်း ကဏ္ဍ တစ်ခုမှ ပါဝင်လျက်ရှိပါသည်။ အစ္စလာမ့် ဇကားသ် ဆင်းရဲသားဒါနကြေး နှင့် ပတ်သက်၍ သိကောင်းစရာများကို မွတ်စလင် သတင်းစဉ် စာချစ်သူများ အတွက် အခန်း ဆက်ဖေါ်ပြပေးသွား ပါမည်။ ဇကားသ် ဇကားသ် زكاة‎ ဟူသောအာရဗီစကားလုံး၏အဘိဓာန် အဓိပ္ပာယ်မှာတိုးပွားခြင်းသန့်ရှင်းစင်ကြယ်ခြင်း ဖြစ်သည်။ ဇကားသ်၏ ရှရီအသ် တရားတော်လာ ဝေါဟာရအဓိပ္ပါယ် မှာခြေလေးချောင်းတိရစ္ဆာန်များ ၊မြေထွက် ပစ္စည်းများ၊ ရောင်းကုန်ပစ္စည်းများအစရှိသောသီးခြားသတ်မှတ်ထားသောပစ္စည်းများမှ ကုရ်အာန် ကျမ်းတော်မြတ် … Continue reading

Rate this: