အခု ချက်ခြင်း လုပ်ပါ။

ကိုဇေယျ နှင့် ကိုအာကာတို့နှစ်ဦးသောကြာနေ့ ဂျုမုအဟ် ဆွလာသ် ၀တ်ပြုအပြီးထုံးစံအတိုင်းလက်ဖက်ရည်ဆိုင်မှာထိုင်၍ စကားဝိုင်းဖွဲ့ကြသည်။ များသောအားဖြင့် သူတို့ပြောသောစကားများမှာမှတ်သားစရာဗဟုသုတယူဖွယ်ရာများ ဖြစ်သဖြင့် စာဖတ်ပရိသတ် အတွက် တင်ဆက်လိုက်ရပါသည်။

အာကာ ။ ဒီနေ့ ဗလီဆရာပြောသွားတာမင်းကြားလား။ သောကြာဝတ်ပြုဖို့ ဗလီကိုစောစောလာရင် ကုသိုလ် ဆ၀ါးဘ် ပိုရတဲ့အကြောင်း။

ဇေယျာ ။မှန်တာပေါ့ကွာ။ လောကအကျိုးနဲ့ ပြောရရင် အနိမ့်ဆုံးတစ်ပတ်တစ်ခါ မိတ်ဆွေတွေနဲ့ စကားပြောချိန်ပိုရတယ် ။ ပြီးတော့ ခွတ္တဗဟ် မိန့်ခွန်းလည်းအပြည့်အ၀ နားထောင်ရတော့ တန်ဖိုးရှိတာပေါ့ကွာ။

အာကာ ။ ဟုတ်တယ် ။ ငါဒီအကြောင်းပြောချင်တာကွာ။ ကျမ်းမြတ်ကုရ်အာန် ကလည်းအလုပ်ရှိရင် အချိန်မဆွဲရဘူး။ဒီကနေ့ လုပ်နိုင်တဲ့ အလုပ်ကိုမနက်ဖြန် မရွှေ့နဲ့လို့ (၁၈း၂၃) မှာဆုံးမထားတယ်ကွ။

ဇေယျ ။ ဒါတင်ဘယ်ကဦးမလဲ ။ တို့တမန်တော် ကြီးကလည်းအလ်ခိုင်းရုယုအတ်ခရ် – ကောင်းမွန်တဲ့အလုပ်ကိုလုပ်ဖို့ နှောင့်နှေး ကြန့်ကြာမရှိစေနဲ့ ။ လိုမိန့်ထားတယ်ကွ။ သူအချိန် နဲ့သူလုပ်ရမယ့် အလုပ်ကိုအချိန်ဆွဲရင် နစ်နာတက်တယ်ကွ။ သူအချိန်နဲ့သူလုပ်ရမယ့် အလုပ်ကိုအချိန်ဆွဲရင် နစ်နာတက်တယ်ကွ။ နှောင့်နှေး ကြန့်ကြာရင် ဆုံးရှုံးမှု နဲ့ ရင်ဆိုင်ရတက်တယ်။

အာကာ ။ တို့အဖွားပြောဖူးတယ်။ အလုပ်တစ်ခုကိနောက်မှ လုပ်မယ် ဆိုရင်ကန်စွန်းရွက်တောင်ရယ်သတဲ့ မောင့်ရေ။

ဇေယျာ ။ကန်စွန်းရွက်ကဘယ်လိုရယ်တာလဲ ။ လင်းစမ်းပါဦးကွ။

အာကာ။ ဒီလိုကွာ – လယ်တောသွားတဲ့ လူတွေကလမ်းမှာတွေ့တဲ့ ကန်စွန်းရွက် ကိုနောက်မှခူးမယ် ။ အပြန်မှခူးမယ် ၊ ဆိုပြီးချက်ခြင်းမခူးပဲသွားကြသတဲ့ ။ အဲဒီအခါ ကန်စွန်းရွက် တွေက “ဟားဟားဟားဒီလူတွေ ငတ်ချင်လို့  ၊ သူတို့ မခူးခင် တခြားလူတွေ တွေ့ပြီးခူးသွားရင် ကိုယ်ပြန်လာတော့မှ ခူးဖို့ ကျန်တော့မှာမဟုတ်ဘူး” လို့ ဆိုပြီးရယ်သတဲ့ ။ လုပ်စရာရှိတဲ့အလုပ်ကိုချက်ခြင်းလုပ်ဖို့ မနှောင့်နှေးဖို့ ပြောတာပေါ့ကွ။

ဇေယျာ ။ ဟုတ်တယ်ကွ ။ ငါတစ်ခါတုန်းကကာတွန်းတစ်ပုဒ် ဖတ်ဖူးတယ်။ အဲဒါ ဘာလဲဆိုတော့ ပုံထဲမှာလူတစ်ယောက်ရေနစ်နေတယ်။ ကယ်ကြပါဦးလို့ အော်နေတယ် ။ အဲဒိအချိန် ကမ်းစပ်မှာလူနှစ်ယောက်က “အေးကယ်မယ်။ ကယ်မယ် ။ တို့ ကယ်တဲ့ အခါမှာဘယ်ပုံဘယ်နည်းနဲ့ ကယ်ရမယ် ဆိုတဲ့ စီမံချက်ရေးဆွဲဖို့ အစည်းအဝေး လုပ်လိုက်ဦးမယ် လို့ ပြောနေတဲ့ ပုံပဲ ကွ။ ဒါကလည်းချက်ခြင်းလုပ်ရမယ့် အလုပ်ကိုအချိန်မဆွဲဖို့ ဆိုလိုတာပဲ

အာကာ ။ အေးပေါ့ကွာ။ အချိန်မီမလုပ်ရင် တချို့ ကိစ္စတွေမှာအသက်ရှင် နိုင်သေးတဲ့ လူတွေ လည်းသေသွားနိုင်တယ်။ ရောဂါဘယတွေ ကူးစက်နိုင် တယ်။ နောက်ဆုံးရောဂါ အခြေအနေဆိုးပြီးသေသွားနိုင်တယ် ။ အစာအာဟာရလိုတဲ့လူတွေကိုလည်းအမြန်ဆုံးကျွေးမွေးဖို့ လိုတယ်။ အ၀တ်အထည် လိုတဲ့ လူကိုလည်းအမြန်ဆုံးပေးနိုင် မှ ကျန်းမာရေးချို့ယွင်းမှု က ကယ်တင်နိုင်မယ်။ အရှက်တကွဲ အကျိုးနည်းဘ၀ ကလည်းလွတ်မြောက် ကြရမယ် မဟုတ်လား ။

ဇေယျာ ။ ဒါကြောင့် အိန္ဒိယသမ္မတကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ ကမ္ဘာကျော် နျူးကလီးယားသိပ္ပံပညာရှင်ကြီးအဗ်ဒွလ် ကလာမ် က “ မနက်ဖြန် လုပ်ရမယ့် အလုပ် ကိုဒီနေ့ လုပ်ပါ ။ ” လို့ ပြောဘူးတဲ့ စကားလေး က လည်းမှတ်သားစရာ ၊ လိုက်နာစရာပါပဲကွာ။

အာကာ ။ အေးအေး ၊ စကားပြောလို့ ကောင်းတယ် ။ ငါလည်းအလုပ်ပြန်ဝင် ရဦးမှာမို့ သွားကြစို့ ။ အပ်စလာမုအလိုင်ကွမ်

ဇေယျာ ။ ၀အလိုက်ကွန်း စလာမ်။

 

မြကုဋေ

Firday Time မှ ကူးယူဖေါ်ပြသည်။