ခေတ်စနစ်ကို ထင်ဟပ်သော သောကြာ ခွသ်ဗာဟ်

အာကာ။ ဂျုမုအဟ် တစ်ပတ် တစ်ပတ်မှာတို့ဗလီဆရာဟောလိုက်တဲ့ တရားတွေကထည်းထပ်နေပြီကွာ ၊ တစ်ခါလည်းသွဟာရသ် သန့်ရှင်းမှု  နီကာဟ်ထိမ်းမြားမှု ၊ အလှုအကြောင်း၊ ဆွလာသ် ၊ ဆွီယာမ် ၊ ဇကားသ်  ဟဂ်ျ၊ တစ်ခါတလေတမန်တော်မြတ် အကြောင်းပါမယ်။ တစ်ခါတစ်လေဆွဟာဗာအကြောင်းပါမယ်။ ဒီထက်ပိုပြီးဘာမှမဟောတော့ဘူး။ ကမ္ဘာ့မွတ်စလင် ရေးရာကတော့ ပြောရကောင်းမှန်းတောင်မသိပါဘူးကွာ ။

ဇေယျာ။ဟုတ်တယ်ကွာ ၊ ပတ်ဝန်းကျင် မှာ ဖြစ်ပျက်နေတဲ့ လတ်တလော ဖြစ်ရပ်တွေ လိုအပ်ချက်တွေ နဲ့စပ်ဟပ်ပြီးဟောသင့်တယ်။ တို့တတွေ ကုရ်အာန် အဆုံးအမတွေနဲ့ ဝေးနေကြရတော့ ၊ အစ္စလာမ့်အသိတရားတွေ နှံ့စပ်အောင် မသိရတာတွေ ဟာတို့ရဲ့ မီဒီယာတစ်မျိုးဖြစ်တဲ့ မင်ဘရ် ဓမ္မပုလ္လင် တွေကဟောပြောချက်တွေ ရဲ့ အားနည်းချက်ကြောင့် ပဲလို့ ငါ့တော့ ထင်တယ်။

အာကာ၊။အားနည်းတာကတော့ အခုမှ မဟုတ်တော့ ပါဘူးကွာ၊ တို့ဗမာ ပြည်မှာတော် ကြာပြီလို့တောင် ပြောရမယ်။ အသက်ခြောက်ဆယ် ခုနှစ်ဆယ် အဖိုးကြီးတွေကိုငါမေးဘူးတယ်။ သူတို့ကဗလီတော် တော်များ များ မှာသူတို့ သက်တမ်းတစ်လျှောက် ၀တ်ပြုခဲ့ကြဖူးတယ်။ တို့ကိုငါက ဂျုမုအဟ် တရားတွေ မှာမာမူကြီးတို့ မြင်းအကြောင်း၊ ဆင်အကြောင်း ၊ ပျား ၊ ပင့်ကူ၊ ပုရွက်ဆိတ် တွေ အကြောင်း ၊ ဟောတာကြား ဖူးသလား သံအကြောင်း၊ ရွှေအကြောင်းနေလနေ့ ည အကြောင် ၊ စောဒက ၀င်တဲ့ မိန်းမအကြောင်းဟောတာတွေ ကို ကြားဖူးသလားလို့ မေးတော့ သူတို့ တစ်သက်တစ်ခါ မကြားဖူးဘူးတဲ့။ ဒီထက်ဆိုးတာကတော့ဒါတွေနဲ့ တရားနဲ့ ဘာဆိုင်လို့ မင်းကမေးနေတာလဲလို့ ငါ့ကိုမေးခွန်းပြန်ထုတ်တယ်ကွာ၊  ငါကအဲဒါတွေအား လုံးကုရ်အာန် ထဲမှာပါတဲ့ တရားတွေ ပဲ ၊ ကုရ်အာန် ရဲ့ ဆူရဟ် ခေါင်းစဉ်တွေ ပဲလို့ ပြောပြတော့ အံ့သြသွားတယ်။ တစ်ခါတစ်ခါ ရင်းနှီးတဲ့ ဆရာတစ်ချို့ကိုခင်ဗျားတို့ ဒီအကြောင်းတွေ ဘာဖြစ်လို့ မဟောတာလဲလို့ မေးတော့ ဘာပြောတယ်မှတ်လဲ ၊ အဲဒီအကြောင်းတွေကိုဘယ်သူမှ စိတ်မ၀င်စားဘူးတဲ့ကွ။

ဇေယျာ ။ အမှန်တော့ လူတွေ စိတ်မ၀င်စားတာမဟုတ်ပါဘူးကွာ ၊ အဲဒီဆရာတချို့ ကိုယ်တိုင်က စိတ်မ၀င်စားတာ ။ သူတို့ကတရားဟောဖို့ အချက်အလက် ရှာရအင်မတန်ပျင်းကြတာကိုး ၊ ကုရ်အာန် ၊ ဟဒီဆ်းလည်းမဖတ်ဘူး၊ အပြင်ဗဟုသုတလည်းမလေ့လာဘူး၊ အဲဒီတော့ သူတို့ခေါင်းထဲ မှ ဘာမှမရှိဘူး၊ အဲဒီလိုလူမျိုးတွေ ဟောတဲ့တရားကိုကောဘယ်သူ က စိတ်ဝင်စားမှာလဲ ၊ သူတို့ကြားဖူးနားဝလေးတွေနဲ့ ဆရာသခင်ကြီးတွေကဟိုလိုအမိန့် ၊ ရှိတယ်၊ အကြီးအကဲတွေကဒီလိုအမိန့် ပြောတယ်ဆိုပြီးရမ်းဖြီးနေတာမဟုတ်ဘူးလား ၊

အာကာ။တရားတော် တွေကိုအပြင်ဗဟုသုတတွေနဲ့ ပေါင်းစပ် ဟောတက်ရင် ပိုပြီးအဆင်ပြေတာပေါ့ကွာ။ အနိမ့်ဆုံးအပြင်ဗဟုသုတမရှိရင် တောင် မှ ကျမ်းမြတ်ကုရ်အာန် ရဲ့ အဆုံးအမတွေကိုလူတွေလိုက်နာကျင့်သုံး နိုင်အောင် တစ်ဆင့်ဖြန့်ချီမယ်ဆိုတဲ့ စိတ်ကောင်းစေတနာကောင်းထားပြီးဟောပြောမယ် ဆိုရင် အများကြီးအောင်မြင်နိုင်တာပေါ့ကွာ။ ကုရ်အာန်ကိုပဲအခြေခံထားရင်တောင် သူတို့အတွက် အချက်အလက်မရှားပါဘူးကွာ၊ ကျမ်းမြတ်ကုရ်အာန်မှ ဆူရဟ် ကဏ္ဍ ၁၁၄ ခုရှိတယ်။ တစ်နှစ်မှာအပတ်ပေါင်း ၅၂ပတ်ရှိတယ်။ တစ်ပတ်ကိုဆူရဟ် တစ်ခုပဲဟောဦး ၂နှစ် ၂လ  ၂ပတ် ကြမှ ဆူရဟ် ဖာတေဟာအဖွင့်ကဏ္ဍ ၁ ကိုပြန်ရောက်မယ်။ ဒါတောင် ဆူရာဘက္ကရာတို့ ဆူရာအာလေ့ အင်မရာန် တို့ ဆူရာနီဆာတို့ကရှည်တော့ တစ်ပတ်တည်းနဲ့ ဟောနိုင်မှာမဟုတ်ဘူး ၊နောက်ထပ် ၄လလောက် ဟောလို့ရသေးတယ်။

ဇေယျာ။အေးကွ၊ ဒါဆိုရင် ဗလီတိုင်းကဒီလိုဟောနေမယ်ဆိုရင် လူတွေ ဟာကုရ်အာန် အသိတရားတွေနဲ့ အဆုံးအမတွေ အများကြီးရကြမှာပဲ ၊ အဲဒီဗလီဆရာမျိုးအတွက်လည်းအချက်အလက်ရှာဖို့ မခက်ပါ ဘူးကွာ၊ ဆရာကြီးမုဖတ်စိရုလ် ကုရ်အာန် အလ္လဟ်မဟ် ဃာဇီမုဟမ္မဒ် ဟာရှင်ဘာသာပြန်တဲ့ ကုရ်အာန်ကျမ်း အလင်းပြ ကျမ်းကို အခြေခံပြီးဟောနေရင်တောင် လူတွေ အတွက် တန်ဖိုးကြီးလှ ပါပြီကွာ။

အာကာ ၊ ကဲစကားပြောလို့ ကောင်းတယ်။ ငါလည်းအလုပ်ပြန်ဝင်ရဦးမှာမို့ သွားကြစို့ အတ်စလာမုအလိုင်းကွန်းမ်း။

ဇေယျာ။ ၀အလိုင်းကွန်မ် စလာမ် ။

မြကုဋေ

Friday time မှ ကူးယူဖေါ်ပြသည်။