Latest Entries
ဘ၀Timelineပေါ်မှာဘာတွေရှိလဲ။
ရသစာပေ / သူတို့ အတွေး သူတို့ အရေး

ဘ၀Timelineပေါ်မှာဘာတွေရှိလဲ။

ခေါင်းထဲက ဦးနှောက်ကို A4 စာရွက်ဖြူအလွတ်တစ်ရွက်ပေါ်မှာ ပုံလိုက်တယ်။ သိမှတ်ခဲ့သမျှ၊ လွမ်းခဲ့၊ ချစ်ခဲ့သမျှ၊ အညိုးအတေးပေါင်းများစွာရှိခဲ့သမျှ၊ အတ္တလွန်ကဲခဲ့သမျှ၊ သမျှပေါင်းများစွာကို…၊ ဟိုး….မူကြိုကျောင်းပေါက်ဝကနေ September, 2012 ခုနှစ်ထိ timeline တစ်ခုစွဲလိုက်တယ်။ အဲဒီထဲမှာ မျက်ရည်ပေါင်းများစွာနဲ့ ရှင်သန်ခဲ့ရတဲ့ အိမ်မက်ပျိုးပင်တွေ ရှိသလို၊ ရယ်သံတိုးတိုးနဲ့ ဆောင်းညပေါင်းများစွာရှိတယ်။ တစ်ချို့နှစ်တွေမှာ အမှတ်အသား ပျောက်ခဲ့ရသလို ကိုယ့်လက်နဲ့ဖျောက်ခဲ့ ရတာလည်းရှိတယ်။ တစ်ချို့နှစ်တွေမှာ လဘက်ရည်ဆိုင်ထဲ နှစ်ပေါင်းများစွာ ထိုင်ခဲ့ရသလို တခါးမရှိတဲ့ကျောင်းထဲမှာ ပျော်ခဲ့ရတာတွေရှိတယ်။ တစ်ချို့နှစ်တွေမှာ ရှိုင်တွာန်ကို လှောင်ပြောင်ခဲ့ပေမဲ့ ရှိုင်တွာန်ရဲ့ မျက်ခွက်ဖျက်ရိုက်ခံရတဲ့ အခါတွေလည်းရှိတယ်။ သေချာတဲ့ ကောက်ချက်မှာ မျဉ်းဖြောင့်အတိုင်းဆန့်ထွက် မသွားဘူးဆိုတာပါဘဲ။ အသင့်ရဲ့ Timelineပေါ်မှာရော ဘယ်လိုပုံစံထွက်နေလဲ။ From Taqwaone Continue reading »

Rate this:

သမ္မတ အိုဘားမားနှင့်တွေ့ဆံဆွေးနွေးခဲ့ရသူ NDPD ပါတီမှ ဦးသာအေး(ခ) အဘူတာဟေး မှ ပြောကြားချက်
သတင်း / မြန်မာမွတ်စလင် ရေးရာ

သမ္မတ အိုဘားမားနှင့်တွေ့ဆံဆွေးနွေးခဲ့ရသူ NDPD ပါတီမှ ဦးသာအေး(ခ) အဘူတာဟေး မှ ပြောကြားချက်

အမေရိကန်သမ္မတ ဘားရက်အိုဘားမား ရန်ကုန်တက္ကသိုလ် တွင်မြန်မာပြည်လူထုအား မိန့်ခွန်းမပြောကြားမီ တိုင်းရင်းသားကိုယ်စားလှယ်များ၊ လူမှုရေး အဖွဲ့ စည်းများမှ ကိုယ်စားလှယ်များနှင့် ဘာသာရေး ဆိုင်ရာ အထင်ကရ ပုဂ္ဂိုလ်များ အပါအ၀င် ပုဂ္ဂိုလ် ၁၄ ဦးကို တွေ့ဆုံခဲ့သည်။ ယင်းတို့အနက် အမျိုးသားဖွံ့ဖြိုး တိုးတက်ရေး နှင့်ငြိမ်းချမ်းရေးပါတီ အလုပ်အမှုဆောင် ဦးသာအေး(ခ) အဘူတာဟေးမှ အိုဘားမား နှင့်တွေ့ဆုံဆွေးနွေးခဲ့ရပုံကို ဤသို့ပြန်လည်ပြောပြခဲ့ပါသည်။ “အဓိကက ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ ကိစ္စ၊ အဲဒီမှာ ရိုဟင်ဂျာလူမျိုးတွေ အများကြီးခံစားနေရတယ်။ အဲဒီ ကိစ္စကို အမြန်ဆုံးဖြေရှင်းပေးဖို့ အတွက်ရိုဟင်ဂျာလူမျိုးတွေရဲ့ နိုင်ငံသားကိစ္စကို အဓိက ထားဆွေးနွေး သွား တာ ပေါ့။ ရိုဟင်ဂျာ လူမျိုးတွေရဲ့ နိုင်ငံသားကိစ္စကို မဖြေရှင်းပေးနိုင်ရင် ပြီးမှာ မဟုတ်ဘူးပေါ့။ အဲဒီကိစ္စကို ဆွေးနွေးတာပါ။ သူကတော့ … Continue reading »

Rate this:

အစ္စလာမ် ရနံမကင်းတဲ့ ဘားရက် ဟူစိန် အိုဘားမား
ပြည်တွင်းသတင်း / မြန်မာမွတ်စလင် ရေးရာ

အစ္စလာမ် ရနံမကင်းတဲ့ ဘားရက် ဟူစိန် အိုဘားမား

မွတ်စလင် ဆန့်ကျင့်ရေး လှုပ်ရှားမှု ပျံနှံနေချိန် ၊ အစ္စလာမ်သာသနာကို အကြောင်းမဲ့ အမြင်မှားနေ ချိန် ၊ ကမ္ဘာ့အင်အားကြီး အမေရိကန်နိုင်ငံသမ္မတ အိုဘားမား မြန်မာ့ မြေသို့ ခြေချခဲ့ သည်။ အစ္စလာမ် မုန်းတီးရေးတရား မှိုင်းတိုက်ချိန် တွင်  တမြေတည်းနေ သူ မြန်မာပြည် သူများ အကြား အပြန် အလှန်လေးစားချစ်ခင်မှု ကို တည်ဆောက်ကြ စေရန် ရည်ရွယ်၍ အစ္စလာမ် သာသနာ နှင့် သမ္မတ အိုဘားမား အဆက်အစပ်ကို တင်ပြပေးလိုက်ပါ သည်။ အဖွားဖြစ်သူက အိုဘားမားကို မွတ်စလင် ဖြစ်စေချင် သမ္မတ အိုဘားမား ၏ အဘွားဖြစ်သူ အသက် ၈၈ နှစ်ရှိ ကင်ညာနိုင်ငံသူ က ၂၀၁၀ ဟာဂ်ျဝတ်ပြု … Continue reading »

Rate this:

လူထူ အကြား ကိုမြအေး ဂုဏ်သတင်း ကျဆင်း ရန် မြန်မာ ပို့စ် ဂျာနယ် လုပ်ကြံ
သတင်း / မြန်မာမွတ်စလင် ရေးရာ

လူထူ အကြား ကိုမြအေး ဂုဏ်သတင်း ကျဆင်း ရန် မြန်မာ ပို့စ် ဂျာနယ် လုပ်ကြံ

၈၈ ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်သူ အစ္စလာမ်ဘာသာဝင် ကိုမြအေးအား ပြည်သူများအကြားတွင် ဂုဏ်သိက္ခာကျဆင်းစေသော သတင်း တစ်ပုဒ် အား အတွဲ ၄ ၊ အမှတ် ၄၃ (နိုဝင်ဘာ ၇ ၊ ၂၀၁၂) နေ့ထုတ် မြန်မာ့ပိုစ် ဂျာနယ် ၏ စာမျက်နှာ ၁၇ တွင် (ရခိုင်ပြည်နယ် ပြဿနာများဖြေရှင်းရာ တွင် လူသားအခြေခံပေါ် မူတည် ၍ စဉ်းစားဆင်ခြင်ရန် လိုအပ် ) ဟူသော သတင်းခေါင်း စဉ် ဖေါ်ပြခဲ့သည်။ နိုဝင်ဘာ ၁ရက်နေ့တွင် တော်ဝင်နှင်းဆီခန်းမတွင် ကျင်းပပြုလုပ်ခဲ့သော ငြိမ်းချမ်းရေးဆွေးနွေးပွဲ နှင့် သတင်းစာ ရှင်းလင်းပွဲတွင် ကိုမြအေး ပြောကြားချက် မူရင်းဗီဒီယို ၊အသံဖိုင် နှင့် မြန်မာပို့စ် ဂျာနယ်ပါ … Continue reading »

Rate this:

ရခိုင်အရေး ဒေါ်အောင် ဆန်းစုကြည် နှုတ်ဆိတ်နေမှု ကို လန်ဒန် သုတေသီ တစ်ဦး ဝေဖန်
ဆောင်းပါး / နိုင်ငံ့ရေးရာ

ရခိုင်အရေး ဒေါ်အောင် ဆန်းစုကြည် နှုတ်ဆိတ်နေမှု ကို လန်ဒန် သုတေသီ တစ်ဦး ဝေဖန်

မြန်မာနိုင်ငံ အနောက်ဘက်စွန်း ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေသော အကြမ်းဖက် တိုက်ခိုက်မှုများနှင့် စပ်လျဉ်း၍ သဘောထား တစ်စုံတစ်ရာ ထုတ်ပြန်ခြင်း မရှိဘဲ၊ ရေငုံနှုတ် ပိတ် နေသည့်အတွက် နိုင်ငံတကာ ဒီမိုကရေစီ ပြယုဂ် လည်း ဖြစ်၊ မြန်မာနိုင်ငံ၏ ထူးခြား ထင်ရှားသော အတိုက် အခံ ခေါင်းဆောင် လည်းဖြစ် သည့် ဒေါ်အောင်ဆန်းစုကြည်၏ ထင်ရှားကျော်စောမှုတို့သည် လျင်မြန်စွာ ဆုတ်ယုတ် ကျဆင်းလျက် ရှိပေသည်။ ထိတ်လန့် ကြောက်ရွံ့စရာ အဖြစ်အပျက်တွေ အပေါ် နှုတ်ဆိတ်နေတာကြောင့် ဒေါ်အောင်ဆန်းစုကြည် အပေါ် ယုံကြည် ကိုးစားမှုတွေ တော်တော့်ကို ကျဆင်းခဲ့ရပါတယ်” ဟု လန်ဒန်မြို့ရှိ  SOAS University မှ သုတေသီ Guy Horton က The Week … Continue reading »

Rate this:

အစိုးရ ထုတ်ပြန်သော ရခိုင် အပျက်အစီး အသေအပျောက်စာရင်း အလွန်နည်းနေဟု HRW ဆို
သတင်း / ပြည်တွင်းသတင်း / မြန်မာမွတ်စလင် ရေးရာ

အစိုးရ ထုတ်ပြန်သော ရခိုင် အပျက်အစီး အသေအပျောက်စာရင်း အလွန်နည်းနေဟု HRW ဆို

ဂြိုဟ်တုမှ စောင့်ကြည့် လေ့လာရေး အစီစဉ်အရ ရခိုင်ပြည်နယ်၌ လတ်တလော ဖြစ်ပွားနေသာ ဆူပူ အကြမ်းဖက် မှုများ၌ အစိုးရ ထုတ်ထားသော စရင်းထက် ပျက်စီးမှု ပိုမို ဖြစ်ပွား နေသည်ဟု လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ (Human Right Watch) အာရှ ဒေသ လက်ထောက် ဒါရိုက်တာ မစ္စတာ ဖီးလ်ရောဘတ်ဆန် က ဆိုပါသည်။ “ ဘယ်နည်းနဲ့ ကျနော်တို့ စောင့်ကြည့်နေသလဲ ဆိုတာ ကတော့ မပြောချင်ပါဘူး။ အထောက်အထားတွေအရ ပြောရ ရင်တော့ အစိုးရ စရင်းဟာ အလွန် နည်းနေပါတယ်။ ကျနော်တို့က (၂၁) ရက်နေ့ကနေ စတင် စောင့်ကြည့် နေတာပါ” ဟု ဆိုပါသည်။ အစိုးရသည် အောက်တိုဘာလ … Continue reading »

Rate this:

မိမိဘာသာ ကဲ့သို့ အခြားဘာသာများကို တန်ဖိုး ထားသင့်ဟု ပေါက်စေတီ ဆရာတော် ဦးဥာဏိတ မိန့်ကြား
သတင်း / အင်တာဖိတ် / မြန်မာမွတ်စလင် ရေးရာ

မိမိဘာသာ ကဲ့သို့ အခြားဘာသာများကို တန်ဖိုး ထားသင့်ဟု ပေါက်စေတီ ဆရာတော် ဦးဥာဏိတ မိန့်ကြား

အောက်တိုဘာ ၁၇ နေ့တွင် ဘာသာပေါင်းစုံချစ်ကြည်ရေးနှင့် ငြိမ်းချမ်းရေး အစီအစဉ်အဖြစ် အစ္စလာမ် ဘာသာ ၏ တရားကျမ်းစာ ကုရ်အာန် မြန်မာဘာသာပြန်  ကျမ်းစာအုပ်များ ကို ပေါက်စေတီ စာသင်တိုက်သို့ ပေး လှူဒါန်း သောအခမ်းအနား တွင် ပေါက်စေတီ စာသင်တိုက် ဆရာတော် ဦးဥာဏိတက ဘာသာတရားများ အကြား အပြန်အလှန် ချစ်ကြည်နား လည်မှု နှင့်ပတ်သက်၍ မိမိကိုးကွယ်ရာကို တန်ဖိုးထားသကဲ့သို့ အခြား ဘာသာများ ကို တန်ဖိုးထား သင့်ကြောင်း ဟု မိန့်ကြားခဲ့သည်။ ဆရာတော်က ဘာသာပေါင်းစုံ ချစ်ကြည်ရေး နှင့် ပတ်သက်၍ မိန့်ကြားသည်မှာ ကမ္ဘာပေါ်တွင် ဘာသာပေါင်း ၂၀၀ကျော်ရှိကြောင်၊ ဘာသာတိုင်းတွင် သူ့ ယုံကြည်ချက် နှင့်သူ့ ကျင့်စဉ် များရှိကြ ကြောင်း၊ … Continue reading »

Rate this:

ဘာသာရေး ကျောင်းတွေမှာ ခေတ်ပညာ သင်ကြားပေး တာပါ လို့ ပြော လာတဲ့ VAG အဖွဲ့
လူငယ်ရေးရာ / လူမှု ဘ၀ / တွေ့ဆုံမေးမြန်းခန်း / မြန်မာမွတ်စလင် ရေးရာ

ဘာသာရေး ကျောင်းတွေမှာ ခေတ်ပညာ သင်ကြားပေး တာပါ လို့ ပြော လာတဲ့ VAG အဖွဲ့

ခေတ်အဆက်ဆက်က ဖိနှိပ်ခံခဲ့ရတဲ့ မြန်မာမွတ်စလင် လူမှု အဖွဲ့အစည်းဟာ မြန်မာ့ဒီမိုကရေစီ အပြောင်းအလဲ ကနေဖြစ်ပေါ်လာတဲ့ လှိုင်းဂယက်အမျိုးမျိုး ရိုက်ခတ်မှုကို ခံစားနေရပါတယ်။ ဒီလိုလှိုင်းဂယက်တွေ ကိုပဲ အာရုံမရောက်နေပဲ ရိုက်ခတ်နေတဲ့ အဲဒီလှိုင်းဂယက်တွေကို ကြံကြံခံရပ်တည် နိုင် ဖို့ ကြိုးစားနေကြပါပြီ။ မွတ်စလင်လူမှု အသိုင်းအ၀ိုင်းဖွံ့ဖြိုးလာဖို့ မိမိတက်နိုင်တဲ့ ဖက်ကနေ လုပ်ဆောင်မယ့်သူတွေ ပေါ်ထွက်လာနေကြပါပြီ။ နိုးကြားတက်ကြွတဲ့ မွတ်စလင်လူငယ်တွေ ပုးပေါင်းဖွဲ့စည်းထား တဲ့ VAG (Volunteer Action Group) အမည်ရ တဲ့ ပညာရေး အခြေပြု အဖွဲ့က Team coordinator တစ်ဦးဖြစ်တဲ့ မင်းပိုင်စိုးနဲ့  မွတ်စလင် သတင်းစဉ် တွေ့ဆုံမေးမြန်းထား တာကို တင်ပြပေးလိုက်ပါတယ်။ မေး။ Volunteer Action Group ကို ဘယ်လို ဖွဲ့ဖြစ်ခဲ့တာလည်း … Continue reading »

Rate this: